
Original ( Genuine ) မှင်များကိုသာ အသုံးပြုပါ။ အရည်အသွေးကောင်းမွန်သော Original ( Genuine ) မှင်များကို အသုံးပြုခြင်းအားဖြင့် သင်၏ Printer ကို ကောင်းမွန်သော အနေအထားတွင် ထိန်းသိမ်းထားနိုင်ခြင်း၊ စစ်မှန်သော အရောင်အသွေးကို ရရှိနိုင်ခြင်း၊−မှင်တောင့်များ ( Toner/ Catridge )များကို ခြောက်သွေ့သွားသည့်အထိ မသုံးပါနှင့်။Printer Software မှ မှင်တောင့် Level ပုံမှန်အောင်ရောက်နေ ကြောင်း ” Notification” တက်လာပါက မှင်တောင့်များကို လဲလှယ်ပေးသင့်ပါသည်။_သင်အသုံးပြုသည့်စာရွက် ( တစ်ဖက်လွတ်အဖြစ် အသုံးပြုမည်ဆိုပါက ) “စတာပလာကလစ်”မှ သံများကို ဖြုတ်ပြီးမှသာ အသုံးပြုပါ။ Moisture ( စိုစွတ် )သော စာရွက်များကို အသုံးမပြုပါနှင့်။ ထိုသို့ရှောင်ရှားခြင်းက Paper Jam ( စာရွက်ညပ်ခြင်း )မှ ကာကွယ်ပေးနိုင်ပြီး သင့် Printer သက်တမ်းအား ကာကွယ်နိုင်ပါသည်။−သင်ရွေးချယ်သော Printer ပေါ်မူတည်၍ ထို Printer မှထောက်ပံ့သော စာရွက်များကိုသာ အသုံးပြုပါရန်။-Printer အတွင်းပိုင်းကိုလည်း သန့်ရှင်းရေး ပုံမှန်လုပ်ပေးသင့်ပါသည်။ ရေစိုပိတ်စဖြင့် သုတ်ပေးခြင်းလည်းကောင်း၊ အားသိပ်မပြင်းသည့် လေမှုတ်သက်ကို သုံး၍လည်းကောင်း Printer အတွင်းရှိ ဖုန်မှုန့်များကို ဖယ်ရှားနိုင်ပါသည်။ သင်၏ Printer အား သန့်ရှင်းနေစဥ် ဖယ်ရှားရခက်သော အညစ်အကြေးများ တွေ့သည့်တိုင် လွန်စွာ အားထည့်၍သော်လည်းကောင်း၊ မာကြောသော အရာများဖြင့် သော်လည်းကောင်း အသုံးပြု မဖယ်ရှားမိစေရန် သတိပြုပါ။−User Manual အသုံးပြုနည်း စာရွက်အားသိမ်းဆည်းထားပါ။ ( ဥပမာ− Printer မှ Error မီးများ လင်းလာသည့်အခါ အဘယ်ကြောင့် လင်းသည်ကို အသုံးပြုနည်း စာရွက်တွင် ကြည့်ကာဖြေရှင်းနိုင်မည် ဖြစ်ပါသည်။အထက်ပါအချက်အလက်များကို မှန်ကန်စွာ လိုက်နာခြင်းဖြင့် Printer တစ်လုံးကို သက်တမ်းစေ့ အသုံးပြုနိုင်မှာ ဖြစ်သလို သင့်ရဲ့ ချစ်မြတ်နိုး ဂရုစိုက်ခြင်းများကြောင့် Printer ကလည်း သင့်ကို ကျေးဇူးတင်မှာပါ….