Notebook ကိုမှန်ကန်စွာအသုံးပြုနည်း

Notebook အသုံးပြုသောအခါတွင် Charging Plus အမြဲတပ်သုံးခြင်းမှ ရှောင်ကြဥ်ပါ။ အဘယ်ကြေင့်ဆိုသော် Battery ၏သဘာ၀မှာ အားသွင်းခြင်း၊ ပြန်လည်အသုံးပြုခြင်း ရှိမှသာ Battery Cell များသည် ပုံမှန်အတိုင်း အလုပ်လုပ်ပြီး ကြာရှည်ခံမှာ ဖြစ်ပါသည်။−Battery ကို လက်ကျန် ၂၀% အမြဲချန်သုံးပါ။ ပြီးလျှင် အားပြန်ဖြည့်ပါ။ အားပြည့်လျှင် Power Plug ကိုပြန်လည် ဖြုတ်ထားပြီး အသုံးပြုခြင်းက Battery Cell များကိုကြာရှည်ခံစေမှာ ဖြစ်ပါသည်။−မှန်ကန်သော Power Adapter ဖြင့်သာ အသုံးပြုသင့်ပါသည်။-Notebook အသုံးပြုသည့်အချိန်တွင် လေ၀င်လေထွက်စနစ် အပေါက်များကို တားဆီးစေနိုင်သော စောင်၊ ခေါင်းအုံး တို့တွင် အသုံးပြုခြင်းမှ ရှောင်ကြဥ်ပြီး ပြန့်ပြူးမာကျောသော မျက်နှာပြင်ပေါ်တွင် အသုံးပြုသင့်ပါသည်။−Notebook အသုံးပြုမှု အချိန်ကြာမြင့်လာပါက ဖုန်မှုန့်များ ရှိနေနိုင်သည့်အတွက် တစ်နှစ်လျှင် ( ၂ )ကြိမ်ခန့် Service Center များတွင် ပြသ၍ ပြုပြင်ထိန်းသိမ်းသင့်ပါသည်။−Power ဖွင့်ထားသည့် အချိန်အတွင် Notebook ကိုပြင်းထန်စွာ ရွေ့လျားခြင်း၊ ပုံသဏ္ဍာန် မမှန်စွာ ကိုင်တွယ်ဖြင်းသည် Harddisk ကိုအလွယ်တကူ ပျက်စီးစေနိုင်ပါသည်။ ( HP Pavilion Series များတွင် Protect Smart Technology ဖြင့် Notebook သုံးစွဲမှု ပုံသဏ္ဍာန်ပြောင်းလဲသွားပါက အလိုအလျောက် Harddisk ကိုကာကွယ်ပေးသည့် နည်းပညာ ပါရှိပြီး ဖြစ်ပါသည်။ )− Notebook အသုံးပြုနေစဥ် ကော်ဖီ၊ အရည်စသော အစားအစာများအား အနီးအနားတွင် မထားသင့်ပါ။ ဖိတ်စင်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက Power လုံး၀ ( လုံး၀ )မဖွင့်ပဲ Service Center သို့ပို့ဆောင် စစ်ဆေးသင့်ပါသည်။−Optical Drive များ အသုံးပြုရာတွင် ညစ်ပါတ်နေသော၊ ခြစ်ရာများနေသော CD/DVD အခွေများကို အသုံးပြုခြင်းမှ ရှောင်ကြဥ်ပါ။ မူရင်းအစစ်အမှန် အသုံးပြုခြင်းက သင့် Optical Drive ကိုကြာရှည်ခံစေပါသည်။အထက်ပါ အချက်အလက်များကို မှန်ကန်စွာ လိုက်နာခြင်းဖြင့် ကျန်းမာပျော်ရွင်သော Notebook တစ်လုံးကို ပိုင်ဆိုင်နိုင်မှာပါ။