HP Service

FREE HP Pickup & Return Service

အိမ်ထိလာမပြင်ပေးပေမယ့် အိမ်တိုင်ရာရောက် လာယူပေးမယ့် HP ရဲ့ Pick Up Service Program အကြောင်း သိပြီးပြီလား?

မိမိရဲ့ computer or printer error ကြောင့် Service ပြဖို့ အရေးကြုံလာရင် စိတ်ရှုပ်ရတဲ့ အခြေအနေတစ်ခုပါ။
ဒီအခြေအနေအတွက်တော့ စိတ်မပူပါနဲ့!
အိမ်ထဲမှာပဲနေပြီး ဖုန်းလေးပဲဆက်လိုက်ပါ။
ဖုန်းဆက်လိုက်တာနဲ့ အိမ်ရှေ့ထိ အရောက်လာယူ ပြန်လည်ပို့ဆောင်ပေးမယ့် “HP Free Pick Up Delivery Service Program” ပါ။

HP ရဲ့ Pick Up Plan Service ကို ရန်ကုန်မြို့တွင်းတွင်မကပဲ မြန်မာပြည်အတွင်းရှိ အခြားသော မြို့ကြီးများ မှ customer တွေကိုပါ ဝန်ဆောင်မှုပေးနိုင်ဖို့ရာအတွက် ထပ်တိုး ပြုလုပ်ပေးထားပါတယ်။

ကျွန်တော်တို့ Royal Smart Service Center မှ customer များ အဆင်ပြေစေရန် Royal Express နှင့် ပူးပေါင်းပြီး Free Delivery ဝန်ဆောင်မှုဖြင့် လက်ခံဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်။

Free Pick Up & Delivery Service ဝန်ဆောင်မှုရယူမည့် Customer များအနေဖြင့်အောက်ပါအချက်လက်များကို သိရှိထားရန်လိုအပ်ပါသည်။

၁) In Warranty ပစ္စည်း Hardware Error များအတွက်သာ Free Pickup & Delivery service အကျုံးဝင်မည် ဖြစ်ပါသည်။ (Eg. No Power, Power on No Display, HDD not detect).

၂) ဝန်ဆောင်မှုစုစုပေါင်းကြာမြင့်ချိန်မှာ (၃ရက်မှ ၇ရက်အတွင်း) ပြုပြင်ပေးသွားပါမည်။
Royal Express မှ Pickup နှင့် Delivery ရက်ပါထည့်တွက်ပြီးပစ္စည်း Error ပေါ်မူတည် ၍ အချိန်ယူမှုများလည်းရှိနိုင်ပါသည်။ဝန်ဆောင်မှုကြာချိန်မှာ spare parts in stock ရှိမှုပေါ်မူတည်၍ လည်းကြာနိုင်ပါသည်။
(ဥပမာ battery တွေဆိုရင် shipment က တစ်လလောက် အနဲဆုံး ကြာတတ်ပါသည်။)

၃) ပစ္စည်းများ ထိခိုက်မှုမရှိအောင် သေချာစွာ packing ထုပ်ပိုးပေးရန်လိုအပ်ပါသည်။
(ဝယ်ယူသော ဘူးခွံနှင့်တကွ (သို့) ကျိုးပဲ့မှုမရှိနိုင်အောင် (သို့) မိုးရေမဝင်နိုင်စေရန်)
၄) Out of Warranty (Warranty သက်တမ်းကုန်ဆုံးသွားသော) ပစ္စည်းများ၏ Hardware/Software Error units များနှင့် In Warranty ပစ္စည်း Software Error ပစ္စည်းများအတွက် Customer မှ Pickup & Delivery အတွက်ကျခံပေးရမည်ဖြစ်ပါသည်။
(Eg. Software Installation, Window ကြောင့်ဖြစ်သော Blue Screen, etc….)

၅) Pickup & Delivery ဖြင့်ဝန်ဆောင်မှုရယူထားသော ပစ္စည်းများအတွက် ပုံမှန် Carry in Service အတိုင်းသာ ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။

၆) ရန်ကုန်တိုင်းအတွင်း Pickup & Delivery ဝန်ဆောင်မှုရရှိနိုင်သော မြို့နယ်များမှာ…
အလုံ၊ ဗဟန်း၊ ဗိုလ်တထောင်၊ ဒဂုံ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ ဒေါပုံ၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ လှိုင်၊ လှိုင်သာယာ၊ အင်းစိန်၊ ကြည့်မြင်တိုင်၊ ကမာရွတ်၊ ကျောက်တံတား၊လသာ၊ လမ်းမတော်၊ မင်္ဂလာဒုံ၊ မင်္ဂလာတောင်ညွန်၊ မရမ်းကုန်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ မြောက်ဥက္ကလာ၊ ပန်းပဲတန်း၊ ပုဇွန်တောင်၊ စမ်းချောင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ တောင်ဥက္ကလာပ၊ ရွှေပြည်သာ၊ သင်္ဃန်းကျွန်း၊ သာကေတ၊သန်လျင်၊တာမွေ၊ရန်ကင်း။
Pickup & Delivery ဝန်ဆောင်မှုထပ်မံတိုးထားသော အခြားမြို့ကြီးများကတော့
Mandalay
Naypyidaw
Taungyi
Pyay
Mawlamying
Magway
Monwya
Pathain
Lashio
Bago
Myitkyina
Hpa-An
Taungoo တို့ပဲ ဖြစ်ပါတယ်။
Pick Up Plan နှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို သိလိုပါက အောက်ပါ Hotline ဖုန်းနံပါတ်များကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ( မနက် ၉း၃၀ မှ ညနေ ၅း၀၀ အတွင်း )

Hot Line Phone Number

📱 09253679707, 01 379564, 01 371262, 01 379835

✅ ယခု HP Free Pick Up Delivery Service Program သည် Royal Smart Co., Ltd. မှ မြန်မာပြည်တွင် တရားဝင် တင်သွင်းထားသော၊ဖြန့်ဖြူးရောင်းချထားသော HP Product များအတွက်သာ အကျုံးဝင်ပါသည်။